Friday, June 24, 2016

မော်​ဒန်​အ​ကြောင်းနဲ့နဲ့ပါးပါး သိထားလိုသလား?


    • ပိုစ့်​​မော်​​ဒန်​ အ​ကြောင်းနည်းနည်းပါးပါး
    • ပိုစ့်မော်ဒန် အကြောင်းနည်းနည်းပါးပါး ၁။

    • ပို့စ်မော်ဒန်တွေရဲ့အစဟာ ခြောက်ဆယ်ခုနှစ်များဆီက အစပြုတယ်လို့ ရေးကြတယ်။ ပေါ်ပေါက်လာတဲ့
    • အကြောင်းအရင်းကတော့ အချက်အတော်များများမှာ အခြေခံတယ်။ ထပ်ပြီးတော့ မရှင်းသင့်တော့ဘူးလို့လဲ ထင်မိတယ်။ ဒီနေရာမှာ ကဗျာကို အဓိကသွားမှာဖြစ်လို့ ပို့စ်မော်ဒန်ရဲ့
    • ကဗျာမဟုတ်တဲ့ အခြားသော ဘက်ခြမ်းတွေဆီ မသွားတော့ပါဘူး။ ဒါပေမယ့် ခုမှစပြီး လေ့လာမယ့်သူတွေအဖို့
    • ပို့စ်မော်ဒန်ရဲ့ အဓိကအခြေပြုတဲ့ ဒေါက်တိုင်လေးခုကို အနည်းငယ်ပြောဖို့လိုလာပါတယ်။ သီအိုရီတွေတော့ မဟုတ်ပါဘူး။
    • ပို့စ်မော်ဒန်အားပြုခဲ့တဲ့ အခြေခံအချက်အလက်တွေပါ။ မူရင်းဆောင်းပါးရေးသူကတော့ လက္ခဏာများ (features)လို့
    • ခေါ်ပါတယ်။ မော်ဒန်လှုပ်ရှားမှုနောက်ပိုင်းကာရံမဲ့ကဗျာFV(Free Verse)ဟာ ဝေဖန်ရေးသစ် (New Criticism)ရဲ့ ဖိအားကို
    • အပြင်းအထန်ခံရပါတယ်။ ပထမမော်ဒန် အက်ဗွန်းဂတ်(ထ)ဟာ "New Criticism" ရဲ့ ထိန်းချုပ်မှုဘက်ကို
    • ရောက်သွားခဲ့ရတယ်။ မော်ဒန်ဟာ နည်းစနစ်ပြုပြင်ဖို့ လိုလာပါတယ်။ ဒါကို ဆောင်းပါးရှင် ဂျွန်ဟိုကမ်ဘီ (John
    • Holcombe)က (Technical Innovations of the Early Modernists)လို့ ခေါ်ပါတယ်။ မော်ဒန်ခေတ်ဦးက
    • အက်ဇရာပေါင်းနဲ့ ဒီအိပ်ခ်ျလောရင့်တို့ကို ပြန်လည် မွမ်းမံဖို့ လိုလာပါတယ်။ "New Critism" ဟာ ပိုပြီး အကင်းပါးတယ်။
    • ကျောင်းကောင်းကောင်းမှာ ပညာတွေသင်ထားပြီး ကင်နွန် (Cannon)တွေကို ကြေညက်နေတဲ့ အုပ်စုဖြစ်လေတော့
    • ဖန်တီးမှုတွေဟာ သူတို့လက်ထဲက ပြေးမလွတ်ဘူးပေါ့။ ပုံစံဟောင်းကို မွမ်းမံလိုတဲ့ "New Formalism" နဲ့ "New
    • Critism" တွေ အလိုရှိနေတဲ့ ပုံစံခွက်ထဲကနေလွတ်မြောက်ဖို့ အခြေအနေက ဖန်တီးပေးခဲ့တယ်။ အဲဒါက စာရေးသူကို
    • ဖျောက်ဖျက်ပစ်ခြင်းပဲ။ စာရေးသူရဲ့သြဇာကင်းကွာသွားတဲ့ ကဗျာတစ်ပုဒ်ဟာ ဇတ်ကြောင်းပြောသူနေရာမဲ့သွားပြီး
    • ဘာသာစကား (Langague)ချည်းပဲ သီးသန့်ကျန်ရစ်နေခဲ့တယ်။ ဒုတိယမော်ဒန် လို့ခေါ်တဲ့ ပို့စ်မော်ဒန်ဟာ "New
    • Critism" တွေ အလွယ်တကူပစ်လို့ရတဲ့ တစ်ခုထဲသော ပစ်မှတ်နေရာကနေ ရှောင်ကွင်းပြီး ပစ်မှတ်အရှင်တွေကို
    • ပြုလုပ်ခဲ့တယ်။ "Self Centre" နဲ့ "I" ဗဟိုပြု အရေးကို ခေါက်သိမ်းလိုက်တဲ့အတွက် သူတို့ကဗျာတွေဟာ ရေတွေလို
    • ကြိုက်ရာပုံစံခွက်ထဲ လိုက်ပြောင်းဖို့ အသင့်ဖြစ်သွားပြီး ဝေဖန်ရေးတွေကို တန်ပြန်ဒုက္ခပေးတော့တာပဲ။ သူတို့ဟာ
    • ကဗျာ(ဝါ)အနုပညာရဲ့ ဗဟိုချက်မတွေကို ဖွက်ထားလေ့ရှိတာက ပစ်မှတ်ပြောင်းစေချင်တဲ့သဘော ဖြစ်နေခဲ့တယ်။

    • ပို့စ်မော်ဒန်ရဲ့ ပင်မလက္ခဏာလေးခုကတော့
    • ၁။ Iconoclasm (ရိုးရာ (ဝါ) လက်ရှိအခြေအနေကို စိန်ခေါ်ခြင်း)
    • ၂။ Groundless (ဆင်ခြေပေါ်မှ အမှီအခိုကင်းခြင်း (ဝါ) အမှားအမှန်မရှိခြင်း)
    • ၃။ Formlessness (ပုံစံတစ်ခုတည်း ပေါ်တွင် တည်ရှိမနေခြင်း)
    • ၄။ Populism (မူလလူ့သဘောကို လေ့လာခြင်း (ဝါ) ဦးဆောင်မှုအား အာဏာလျော့ကျစေခြင်း)

    • ပို့စ်မော်ဒန်ကို ဝေဖန်မယ့်သူဟာ "တည်" ပြီးပစ်ရတာ ခက်ခဲနေခဲ့တယ်။ ပို့စ်မော်ဒန်ဟာ လမ်းကြောင်း
    • အားလုံးကို ဖွင့်ထားတယ်။ တပြိုင်နက်ထဲမှာပဲ ဖတ်သူကို လမ်းကြောင်းရွေးချယ်စေတယ်။ အရင်က ဘေးပို့ထားတဲ့
    • နယ်မြေတွေကိုလည်း ပစ်ကွင်းထဲ ဆွဲထည့်ပစ်တယ်။  ကာပယ်တယ်လစ်ဇင် (Capatilism) နဲ့ မော်ဒန်
    • အဟောင်းကို တစ်မျိုးတစ်ဖုံ ပြောင်းလဲတဲ့ Alternative တွေလုပ်ပြီး ပုံရိပ်ဝါဒ (Imagism)၊ သင်္ကေတဝါဒ (Symbolism)နဲ့
    • Structural Economy ကိုလည်း အလွတ်မပေးခဲ့ဘူး။ ဒီတော့ ပို့စ်မော်ဒန်ကို အဓိကလေ့လာမယ့်သူဟာ
    • ကဗျာရှုထောင့်အနေနဲ့ New Formalism နဲ့ New Criticism ကို ကောင်းကောင်းသိဖို့လိုတယ်။ ဒါမှ သူဘာက
    • ဆန့်ကျင်ချင်သလဲဆိုတာ ဖမ်းလို့ရမှာဖြစ်တယ်။ ဂျွန်ဟိုကမ်ဘီ ထုတ်ပြထားတဲ့ လက္ခဏာတွေက ကဗျာကို အခြေခံပြီး
    • ရွေးထုတ်ထားတဲ့ ပို့စ်မော်ဒန်လက္ခဏာတွေဖြစ်လို့ ဘောင်သိပ်ကျယ်တဲ့ ပို့စ်မော်ဒန်အတွေးအခေါ်တွေနောက်ကို
    • ကဗျာသမားတွေ လိုက်ရတာထက်စာရင် ပိုပြီးလွယ်ကူစေပါတယ်။ ဖြစ်နိုင်ရင်တော့ ပို့စ်မော်ဒန်တွေ သွေဖယ်ပစ်ချင်တဲ့
    • နယူးဖော်မယ်လစ်ဇင် (New Formalism)နဲ့ နယူးခရစ်တစ်ဇင် (New Critism) ကိုလည်း အနည်းငယ်သိဖို့တော့
    • လိုလိမ့်မယ်လို့ ယူဆတယ်။ ဂျွန်ဟိုကမ်ဘီရဲ့ ပို့စ်မော်ဒန်လက္ခဏာတွေကို သူကပြန်ရှင်းပါတယ်။ မြောက်များရှုပ်ထွေး
    • လှတဲ့ ပို့စ်မော်ဒန်သီအိုရီ တွေထဲက ကဗျာနဲ့သက်ဆိုင်တာလေးကိုပဲ ဆထွဲုတ်ပြသွားတဲ့အတွက် ဂျွန်ဟိုကမ်ဘီ ကို
    • ကျေးဇူးတင်ရမှာဖြစ်တယ်။ နည်းနည်းပြန်နွှေးတဲ့သဘောပါ။

    • ၁။ Iconolasm (အဟောင်းနှင့် အဆင့်ြ့်မင့်ရိုးးရာကို စိနိခေါ်ခြင်း်းး)

    • - ရိုးရာအဆင့်မြင့် ဂန္ဓဝင်ကျမ်းများကို သွေဖယ်ခြင်း (decanonizes culture standards)
    • - ရှေးကလုပ်ခဲ့သမျှ အနုပညာတွေနဲ့ သြဇာသက်ရောက်မှုတွေကို ဆန့်ကျင်ခြင်း
    • - စာရေးသူ၏ သြဇာနဲ့ လုပ်ပိုင်ခွင့်ကို ငြင်းဆန်ခြင်း (denies authority to the author)
    • - စာရေးသူ၏ အနေအထားမှ ခေတ်ကာလ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် လျှော့ချပစ်ခြင်း (discounting his
    • intentions and his claim to act as spokeman for a period)
    • - မျှော်လင့်ချက်ကို လက်မခံခြင်း
    • - ဖတ်သူအား တာဝန်ယူစေခြင်းကို ရည်ရွယ်ချက်ရှိစွာပြုလုပ်ခြင်း (Often deliberately alienating)
    • - အခြားသော အနုပညာများမှ ကူးယူခြင်း၊ ဆန့်ကျင်ဘက်ကို အရွဲ့တိုက်ခြင်း၊ ရောယှက်ခြင်းများဖြင့်
    • အနုပညာ၏ မူလအရင်းအမြစ်များကို မတည်ငြိမ်အောင် ပြုလုပ်ခြင်း (Subverts its sources by parody, irony
    • and pastiche)
    • - လူမျိုးခွဲခြားမှု၊ လိင်ခွဲခြားမှု နှင့် ရိုးရာဓလေ့ခွဲခြားမှုတွေကို ငြင်းဆိုခြင်း။
    • - စာသားမှာ ပါဝင်ရောယှက်မှုကို ဖုံးအုပ်ထားခွင့်မပေးဘူး၊ ပါဝင်မှုကို နည်းနိုင်သမျှနည်းအောင် လုပ်ခြင်း
    • (Reading Content)
    • - လူသားတွေ အခြေအနေအဖြစ်အပျက်တွေကို ပူပင်ပြီး စာပေခွဲခြမ်းစိတ်ဖြာတဲ့ နည်းတွေနဲ့ ဖွင့်ဟဖို့ ကြိုးစားခြင်း။
    • (broods in the human condition disclosed by radical literary theory)
    • ဒီအချက်တွေ အတော်များများကိုတော့ စာပေဝါသနာပါတဲ့သူတွေက ရှေ့ကဆရာကြီးများ ရှင်းလင်းချက်
    • တွေကြောင့် သိနှင့်နေပြီးသားလို့ ယူဆပါတယ်။ ဒီနေရာမှာ ဂျွန်ဟိုကမ်ဘီ ထောက်ပြထားတဲ့ အချက်လေး တစ်ချက်ရှိတယ်။
    • မော်ဒန်ပထမလှုပ်ရှားမှုအပြီးမှာ မော်ဒန်လမ်းသစ်ဖောက်သူတွေဟာ တီထွင်ဖန်တီးနိုင်မှု လျော့ကျသွားတယ်ဆိုတဲ့
    • အချက်ဟာ အံ့သြစရာကောင်းတယ်။ မော်ဒန်သူရဲကောင်းတွေဟာ အိတ်သွန်ဖာမှောက် လက်စွမ်းပြပြီးတဲ့နောက်မှာ
    • "ကုန်" သွားသလို ရှိခဲ့တယ်။ အသက်အရွယ်ကြီးမားလာတာက တစ်ကြောင်း၊ စိတ်ဝင်စားမှုတွေဟာ အနုပညာဆီက
    • တခြားဘက်ကို ရွေ့လျောသွားတာက တစ်ကြောင်းကြောင့် ဆက်မထွင်နိုင်တော့ဘူး။ ဆောင်းပါးရှင်က သူတို့တွေရဲ့
    • အာရုံတွေ တခြားဘက်ကို ရွေ့သွားတယ်လို့ ဆိုပါတယ်။
    • ပို့စ်မော်ဒန်အကြောင်းနည်းနည်းပါးပါး ၂။

    • ကဗျာမှာ မော်ဒန်ဝါကျဟာ အသစ်တွေကို မဖန်တီးနိုင်တော့သလို ပုံစံခွက်ဟောင်းထဲ ပြန်လှည့်ချင်နေတဲ့
    • အုပ်စုတွေကြောင့် အနုပညာလေ့လာသူတွေဟာ ရှေ့တိုးဖို့ခက်သွားတယ်။ ၁၉၆၀ကာလများဆီက တက္ကသိုလ်သင်ရိုး
    • တွေဟာလည်း မော်ဒန်နဲ့ရိုးရာတပြိုင်ထဲ တန်းတူလှုပ်ရှားမှုတွေ ဆက်ဖြစ်နေလေတော့ ဘယ်ဟာကို သင်ရိုးထဲမှာ
    • တွဲပေးရင် အဆင်ပြေမလဲဆိုတဲ့ ဖိအားကို ခံရပြန်တယ်။ အက်ဇရာပေါင်းဟာ နိုင်ငံရေးဘက်ကို လှည့်သွားတယ်။
    • "Left-Wing" လှုပ်ရှားမှုနဲ့ ဖက်ဆစ်ဝါဒဘက်ကို အာရုံရောက်သွားလို့ ကဗျာကို သိပ်အချိန်မပေးနိုင်တော့ဘူး။
    • အဲလီးယော့က ပိုပြီးဘောင်ကျဉ်းတဲ့ "tight form" အရေးတွေကို ဖန်တီးပြီး နိုဘယ်လ်ဆုကို လက်ခံတယ်။
    • နာမည်ကြီးလာမှုရဲ့နောက်မှာ ထပ်ဆန်းသစ်ပစ်ဖို့ အသစ်တွေကို စွန့်စွန့်စားစားလုပ်လိုစိတ် နည်းသွားသလိုပဲ။
    • ဝီလျံကားလို့စ်ဝီလျံရဲ့ ကဗျာတွေက အသစ်ကလေးတွေအတွက် လူဘယ်လောက်ရဲရဲတင်းတင်း လုပ်ရဲသလဲဆိုတာမျိုး
    • လောက်ပဲ ပြနိုင်တော့တယ်။ ဆိုလိုတာက လက်ဟောင်းမော်ဒန် သူရဲကောင်းကြီးတွေ "ညောင်း" စ ပြုလာပြီလို့ ဆိုရမယ်။
    • ပညာရေးအသိုင်းအဝိုင်းဟာ အတုအယောင်တွေကိုပဲ ဖတ်ပြီး ဝယ်ရရှာတာကိုး။ ကဗျာနဲ့ပန်းချီကားတွေဟာ
    • တခြားအနုပညာပစ္စည်းတွေလို မဟုတ်ပါဘူး။ ထွက်သမျှကို ဝယ်လေ့မရှိဘူး။ အဲဒီအချိန်မှာ ဒုတိယ အက်ဗွန်း(ထ)ဂါး(ထ)
    • ထပ်ပေါ်ဖို့ တာစူနေပါပြီ။ အနုပညာသစ်ဟာ စစ်မျက်နှာနှစ်ခုဖွင့်ပြီး ဝင်လာတယ်။ ပထမတစ်ခုက မော်ဒန်တွေ
    • ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဝတ်ဆင်ခဲ့တဲ့ဝတ်စုံကို ပြောင်းပုံနဲ့တိုးတက်လာတဲ့ လူ့အဖွဲ့အစည်းက ဆုံးဖြတ်မယ့်
    • စည်းကမ်းဘောင်ပြင်းတဲ့ သူတော်စင်ဆန်တဲ့ အဆုံးအဖြတ်ပေးမှုမျိုးကို ငြင်းဆန်ပါတယ်။ ဘယ်လိုဟာမျိုးလဲဆိုတော့
    • ရှေ့ကလက်ခံထားတဲ့ ရိုးရာလက်ခံမှုတွေကို "အနား" ပေးခဲ့တယ်။ ဒုတိယစစ်မျက်နှာက တန်ပြန်တိုက်ခိုက်တာပါပဲ။ "The
    • second war an attack on the culture achievement of the past". အတိတ်က လက်ခံထားတာမှန်သမျှ
    • ပြန်လည်ငြင်းဆန်ပြန်တယ်။

    • ၂။ Groundless (ဆင်ခြေမှ အမှီအခိုကင်းခြင်း၊ အမှားအမှန်ကင်းခြင်းး)

    • ဒီခေါင်းစဉ်က ပို့စ်မော်ဒန်လမ်းကြောင်းပေါ်ကို တွန်းပို့ပေးလိုက်တဲ့ အချက်ဖြစ်တယ်။ အနုပညာ၊ နိုင်ငံရေးနဲ့
    • လူထုအကျိုးပြုလုပ်ငန်းတွေဆိုတာ လုံးဝဥသုံ အမှားအယွင်းကင်းမဲ့တဲ့ အမှန်တရားတွေဆိုတဲ့ အချက်အလက်အမှီပြု
    • (bedrock of unassailable probity) ဖွဲ့စည်းပုံမျိုး မဟုတ်ဘူး။ ရှာလို့လဲမတွေ့ဘူး။ သိပ္ပံပညာရပ်၊ သင်္ချာ၊ ဘာသာဗေဒ၊
    • လူမှုဗေဒ၊ အတွေးအခေါ်ပညာတွေ အားလုံးဟာ ယူဆချက်တွေ (assumption)၊ ညှိနှိုင်းနားလည်မှုယူထားတာတွေ၊
    • (cultural understanding) သဘောတူတည်ဆောက်မှုတွေ(Aggrements)နဲ့ အမှန်တရားဆိုတဲ့ အရာဆီကို
    • ချဉ်းကပ်တာ သက်သက်ပဲ။ ကျွန်ုပ်တို့ရဲ့ ဘာသာစကားက အဲဒီဘာသာတွေနဲ့ အမှန်တရားဆီကို ချဉ်းကပ်တဲ့
    • ပညာရပ်တွေရဲ့ အဓိကဝင်ရိုးပါပဲ။ ဘာသာရပ်တွေကို ဘာသာစကားနဲ့တည်ဆောက်ထားတာကိုး။ အဲဒီကျွန်ုပ်တို့ရဲ့
    • ဘာသာစကားကိုယ်၌က "Imprecise Language" (မတိကျတဲ့ဘာသာစကား) ဖြစ်နေတယ်။ ဒါဆိုရင် သင်္ချာတို့၊
    • ဖီလော်ဆော်ဖီတို့မှာ “A” ကို “B” ဖြစ်မည်ဟု ဆိုကြပါစို့" ဆိုတဲ့ ယူဆချက် (Assumption)တွေကို သုံးတာကရော
    • ဘယ်လောက်မှန်နိုင်မလဲ။ မတိကျတဲ့ ဘာသာစကား "Imprecise Language" တိုတာက ဘာလဲ။
    •  ဘာသာစကားမှာ
    • သူ့အလိုလိုကို မှားယွင်းအဓိပ္ပါယ်ကောက်ခွင့်ရှိတဲ့ အားနည်းချက်တချို့ရှိနေတယ်။ အများစုပေါင်း ရှယ်ယာလုပ်တဲ့
    • "communal" ဖြစ်နေပြီး အဆင့်ဆင့်လက်ဆင့်ကမ်းလာတဲ့ "secondhand" ဖြစ်နေပြန်တယ်။ အချက်ငါးခုနဲ့
    • ဘာသာစကားရဲ့ အားနည်းချက်ကို ထပ်ပြီး ထုတ်ဖော်ပါတယ်။ အဲဒီအားနည်းချက် (၅)ချက်ကတော့ အမှားအမှန်ကို
    • ထင်ယောင်ထင်မှားဖြစ်စေတဲ့ ဘာသာစကားရဲ့ အားနည်းချက်ပဲဖြစ်တယ်။ 

    • အဲဒါတွေကတော့ "Imprecise Language"
    • မတိကျတဲ့ ဘာသာစကားဆိုတဲ့ အသုံးကပေးတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် (၅)ခုပါပဲ။

    • ၁။ Ambiguity (အဓိပ္ပါယ်တစ်ခုထက်ပိုပြီး တည်ရှိနေခြင်း)

    • ၂။ Vagueness (အဓိပ္ပါယ်ဖွင့်ဆိုရန် လုံလောက်သော တိကျမှုမရှိခြင်း)

    • ၃။ Equivocation (Argument ပြောဆိုမှုတွင် "ambiguty" သို့မဟုတ် "vagueness" ပါဝင်နေခြင်း)

    • ၄။ Accent (ဖော်ပြချက်တစ်ခုမှာ မလိုအပ်တဲ့နေရာကို ထင်ရှားစေတဲ့အတွက် အဓိပ္ပါယ်သတ်မှတ်ချက် ရွေ့သွားကာ
    • "ambiguity" ကို ဖြစ်ပေါ်စေပါသည်။)

    • ၅။ Amphiboly (စကားလုံးအထားအသို (ဝါ) အစီအစဉ်ကြောင့် ဝါကျထဲမှ အဓိပ္ပါယ်နှစ်မျိုးထွက်နေပြီး ထိုနှစ်မျိုးစလုံးအား
    • မှန်သည်ဟု ယူဆနိုင်ခြင်း။)
    • တို့ပဲဖြစ်တယ်။ မသေချာသည့်ကိစ္စတွင် ထိုမသေချာမှုကို ဖော်ပြနိုင်သော ဘာသာစကားကိုယ်၌က မသေမချာ
    • ဖြစ်နေသည်။ ဒီတစ်ခါ လူသားကို တုန်လှုပ်မှုဖြစ်စေတာက ရုပ်ဝတ္ထုမဟုတ်တော့။ မော်ဒန်အပြောင်းအလဲ၌
    • ရုပ်ဝတ္ထုအပြောင်းအလဲကို တုန်လှုပ်သွားခဲ့သော အနုပညာရှင်များသည် ယခုအခါ ထပ်မံတုန်လှုပ်ရသော ကိစ္စများထဲမှ
    • အရေးအကြီးဆုံး တစ်ခုမှာ "ဘာသာစကားအပေါ်မယုံသင်္ကာဖြစ်မှု" ပင်ဖြစ်သည်။ ဘာသာစကားထဲ၌ ဖော်ပြချက်များနှင့်
    • ငြင်းခုန်မှုများက မှားသည်မှန်သည် ဆုံးဖြတ်ရန် မစွမ်းသာတော့ပါ။ အမှန်တရားက ဘယ်မှာဆုံးပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်က
    • ဘယ်မှာစသလဲ။ အနုပညာနှင့်ဘဝဆိုသော အရာနှစ်ခုစလုံးက အမှန်တရား (Truth)ဟူသော ခေါင်းစဉ်နှင့်
    • ချိန်ထိုးကြည့်လျှင် သိပ်တော့ကွဲပြားခြားနားချက်မှုမရှိ။ "အနုပညာ" ရော "ဘဝ" ပါ ဇတ်လမ်းဆင်ထားသော
    • (Fictions)ပင်ဖြစ်သည်။ တာထို့အတူသမိုင်းဆိုသည်မှာလည်းပုဂ္ဂလရှုထောင့်ရေးသားသူပေါ်မူတည်၍ဖြစ်စဉ်ကိုဖေါ်ပြသောဇတ်ပြောပင်ဖြစ်၍ထိုးဇတ်ဟုဆိုပြန်သည်။အယူအဆတွေဟာ မှားတယ်လို့မဆိုနိုင်တဲ့ သူတို့ကိုယ်ပိုင်အမြင်တွေနဲ့ ကမ္ဘာကြီးကို ကြည့်ဖို့
    • ဒါမှမဟုတ် အဓိပ္ပါယ်ဖွင့်ဖို့ကြိုးစားတယ်။ ဒါပေမယ့် အဲဒီအယူအဆတွေကို ဘာသာစကားနဲ့ပဲတည်ဆောက်ကြတယ်။
    • အဓိပ္ပါယ်ဖွင့်ကြတယ်။ အဲဒီနောက်မှာ သူတို့ဖွင့်ထားတဲ့အဓိပ္ပါယ်တွေကို အမှန်တရားတွေလို့ ယူဆကြတယ်။ ပြီးရင်
    • လူတွေကို စည်းရုံးတယ်။ လှုံ့ဆော်တယ်။ ဝါဒကွဲပြားသူတွေကို အစုလိုက်အပြုံလိုက် မျိုးဖြုတ်ပွဲတွေ ဆင်နွှဲပြန်ရော။
    • ဒါကြောင့် အယူအဆတွေဟာ သူတို့ကိုယ်ပိုင်အမြင်ကိုပဲ တည်ဆောက်တယ်။ ညီမျှမှုကိုပေးတယ်လို့
    • လက်ခံနိုင်စရာမရှိဘူး။ ပို့စ်မော်ဒန်ဟာ မှန်တယ်လို့ထင်ထားတဲ့ ကန့်သတ်ချက်တွေရှိတဲ့ လှုပ်ရှားမှုများ (Actions)၊
    • ဘာသာစကား (Language) ကြောင့်ဖြစ်ပေါ်လာတဲ့သတ်မှတ်ချက်/အရှိတရားလို့ယူဆထားတဲ့တရားသေသတ်မှတ်ချက်နဲ့ကိန်းကြီးခန်းကြီးတသီးပုဂ္ဂလ အနုပညာ (Art)ကို ငြင်းဆန်တယ်။ပြောရရင်အနုပညာရဲ့နက်ရှိုင်းမှု(depthness)နဲ့ခမ်းနားမှူ(Greatness)ကိုငြင်းတယ်။ တစ်ယောက်ကမှန်တယ်လို့ပြောရင်
    • ကျုပ်တို့ပြန်မေးရမှာက ဘယ်ဘက်ကကြည့်တာလဲ၊ မှန်ဖို့ဘယ်လောက်နီးစပ်သလဲဆိုတာပါပဲ။ ပို့စ်မော်ဒန်မှာ
    • မှားတယ်၊မှန်တယ် ဆိုတာ ကြည့်သူနေရာမှာ မူတည်သွားပြီ။ ဆောင်းပါးရှင်က နောက်ထပ်အချက်တစ်ချက်
    • ထောက်ပြတယ်။ အဲဒါကတော့ တစ်ခါတရံတွင် မက်ဂျစ်ရီရယ်လစ်ဇင်(Magic Realism) ထဲမှာ ဘဝ (Life)နှင့် အနုပညာ
    • (Art) နှစ်မျိုးလုံးကို ရောထွေးတင်ပြတယ်လို့ ဆိုပါတယ်။ ပို့စ်မော်ဒန်တွေဟာ အဓိပ္ပါယ်ဖွင့်ဆိုခြင်းဆိုတာကို ငြင်းပါတယ်။
    • ပိုစ့်မော်ဒန်အကြောင်းနည်းနည်းပါးပါး ၃။

    • ၃။ Formlessness (ပုံသုံသုံသဏ္ဍာန်အ်အ်အတည်တ်တ်တကျမရြှိခင်း)

    • တည်ဆောက်မှုအနေနဲ့ ပထမဦးဆုံး ပို့စ်မော်ဒန်တွေ ကြိုးစားတာက မော်ဒန်ရဲ့ တည်ဆောက်မှုကို ငြင်းတယ်။
    • ဆောင်းပါးရှင်ကတော့ "Repudiate" လုပ်တယ်လို့ ဆိုတယ်။ ဖယ်ရှားတယ်။ "cast off" လုပ်တယ်လို့ ဆိုတယ်။
    • အဓိကကတော့ မော်ဒန်တွေ ပြေပြစ်တယ်လို့ထင်ထားတဲ့ ဟာမိုနီကို ဖျက်လိုက်တယ်။ နောက်တစ်ချက်က "unrefine"
    • "သန့်ဖို့မလို" လို့ယူဆတဲ့ မော်ဒန်တွေရဲ့ ပါရမီအစွမ်းနဲ့အလိုအလျှောက်ဖန်တီးမှု "organic" form" ကို ပြန်ချောမယ်လို့ ဆိုပြန်တယ်။

    • အနုပညာကြီးမားမှုကို ချုံ့ပစ်လိုက်တယ်။ အနုပညာကို မဖော်ပြတော့ဘူး။ ဖော်ပြချက်ထဲမှာ အနုပညာကို ထည့်သွင်းမယ်။
    • စာသားထဲမှာ အပိုင်းအစတွေ ရောမယ်။ ပြီးရင် ဆက်စပ်အနုပညာမျိုး (collages)တွေ လုပ်မယ်။ နမိတ်ပုံနှိုင်းယှဉ်ချက်တွေ
    • (shaping power of metaphors and other literary tropes)နဲ့ စာပေအလှအပတွေကို အနားပေးရမယ်။
    • အနုပညာဆိုတာ အဲဒီအနုပညာကို ဖော်ပြတာထက်ကို အများကြီးပိုတယ်။ ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးဟာ အနုပညာပဲ။
    • အနုပညာရဲ့အနှစ်သာရဆိုတာ ဘယ်လိုမှ သရုပ်ပြ (demonstrate)လို့ မရဘူး။ ဝေဖန်ရေးသစ် (New Criticism)နဲ့
    • ရိုးရာရသတွေဟာ ဒါကို လစ်လျူရှုထားတယ်။
    • အနုပညာဟာ ပုံသဏ္ဍာန်မဲ့သွားရင် ပိုပြီးအင်အားကြီးမားလာတယ်။
    • အရည်အသွေးမြင့်မားလာတယ် တစ်စုံတစ်ခုကို မျှော်လင့်ချက်ပေးတာ၊ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို
    • ထင်သာမြင်သာရှိအောင်ပြပြီး အခြားအရာတွေနဲ့ကွဲပြားစေတာကို ပို့စ်မော်ဒန်က ဆန့်ကျင်တယ်။ အတိအကျအမျိုးအစားဖော်ပြတဲ့
    • ကွန်ဗင်းရှင်းနယ် (conventional)ရိုးရာပုံစံဆီက ခွဲထွက်ပြီး ရိုမန်ဂျက်ကော့ဆင် (Roman Osipovich Jakobson) နဲ့
    • ရုရှဖော်မယ်လစ် (the Russian Formalists)တွေ တင်ပြခဲ့တာမှ အနှစ်သာရလို့ဆိုရမယ်။ ဆောင်းပါးရှင်က ("Deviation
    • from foregrounding.Departure from the conventional are the essence of art, as Roman Jacobson and
    • Russian formalists demonstrated") လို့ ရေးပါတယ်။ ဆောင်းပါးရေးသူဟာ
    • ဒီလောက်နဲ့"Formlessness" ကို မကျေနပ်သေးပါဘူး။ ပုံသဏ္ဍာန်အတိအကျ မရှိခြင်းကို ထပ်မံအဓိပ္ပါယ်ဖွင့်ပါတယ်။
    • အနုပညာမှာ အမျိုးအစားသတ်မှတ်ခြင်း "Genre" ဆိုတာရှိပါတယ်။ ရသ (Aesthetic)ကို ခေါင်းစဉ်တပ်ပြီး
    • အုပ်စုခွဲ(Categorize)လုပ်တာပါ။ စတိုင် (style)နဲ့ အကြောင်းအရာ (subject matter)ကို လိုက်ပြီး
    • အုပ်စုတွေခွဲလို့ရတယ်လို့ တချို့က လက်ခံပါတယ်။ ဥပမာ စုံထောက်ဝတ္ထုဆိုရင် လုပ်ဇတ်(Fiction)ထဲမှာ ပါရတယ်။
    • ပို့စ်မော်ဒန်က အဲဒီအုပ်စုခွဲခြင်း "Genere" ကိုငြင်းပယ်ပါတယ်။ အနုပညာ ပိုပြီးလေးနက်ဖို့အတွက် အထက်ကဆိုခဲ့သလို
    • အုပ်စုခွဲခြင်းလိုမျိုး တင်းကျပ်တဲ့ အနေအထားမျိုးနဲ့ခေါင်းစဉ်တပ်တာက အနုပညာကို သေးနုပ်စေတယ်။
    • ခေါင်းစဉ်ပေါင်းစုံက အကြောင်းအရာပေါင်းစုံကို စုစည်းပြီး ဒါမှမဟုတ် ကျပန်းကောက်ပြီး အပေါင်းအစပ် အနုပညာ
    • (Pastiche)တို့ ကူးယူသရော်တဲ့စတိုင် (Parody)တို့ ဖန်တီးပစ်ရမယ်လို့ ဆိုတယ်။ ပြီးပြည့်စုံသော မည်သည့်အနုပညာမျှ
    • ဖော်ပြ၍ မစွမ်းသာခဲ့ပါ။(No such essence of art was ever demonstrated)လို့ ပို့စ်မော်ဒန်တွေ သတ်မှတ်တယ်။
    • ပို့စ်မော်ဒန်တွေဟာ၊ ဝေဖန်ရေးသစ် "New Critics" သမားတွေဟာ အနုပညာဆိုတာကို ခပ်ပေါ့ပေါ့ပဲပြောတာပဲလို့
    • စွပ်စွဲပါတယ်။ သူတို့ပြောတဲ့အတိုင်းလိုက်ပြီး ကဗျာဖတ်သူတွေက လိုက်ဖတ်ရမလိုဖြစ်နေတယ်။ သူတို့ဟာ လုံလောက်တဲ့
    • အသိဥာဏ်မြင့်မားမှုကို ပေးစွမ်းသူတွေလို့ သူတို့ကိုယ်သူတို့ ထင်တယ်။ ပုံစံသတ်မှတ်ပိုင်ခွင့်အတိုင်းအတာဆိုတာ ရှိတယ်။အဲဒီဘောင်ကိုကျေည်သွားရင်ပုံစံသတ်မှတ်လို့ကိုမရတော့ဘူး။ကျွမ်းကျင်ပိုင်နိုင်တဲ့ စွမ်းရည်ပြည့် အနုပညာနဲ့ ထင်ရှားတဲ့ အနုပညာ ကွဲပြားမှုကို ပထမနှစ်ကျောင်းသား
    • တစ်ယောက်တစ်လေလောက်ပဲ သိဖို့လိုမယ်။ လူတိုင်းလက်ခံတာက ကျွမ်းကျင်တဲ့ လက်ရာမြောက်တဲ့ အနုပညာတိုင်းကျော်ကြားမှု၊ ကွဲပြားမှုရတာမျိုး မဟုတ်ပါဘူး။
    • ပိုစ့်မော်ဒန်အကြောင်းနည်းနည်းပါးပါး ၄။

    • ၄။Pupulism (လူအများအား ပစ်မှတ်ထားခြင်း)

    • "Postmodern is very appealing" လို့ဆိုပါတယ်။ သိပ်ကို ညှိနှိုင်းတဲ့ ဘာသာရပ်တစ်ခုပါ။ လူတန်းစားမရွေး
    • ခံစားလို့ရတယ်။ အဲဒီလို ခံစားဖို့အတွက် ဖတ်သူ(ဝါ)ခံစားသူကလည်း အားထုတ်ရပါတယ်။ ဖန်တီးတဲ့ အနုပညာနဲ့
    • ကိုယ့်မြင်ကွင်းကို ညှိနှိုင်းရပါတယ်။ ပညာတွေတတ်မှ (ဝါ) အသိဥာဏ်တွေမြင့်မှ ပါဝင်လို့ရမယ်ဆိုတာကို လက်မခံပါဘူး။
    • ကဗျာဆိုတာက ဝေဖန်ရေးသစ်တွေ ကျောင်းကောင်းကောင်းမှာသင်လာခဲ့သလို အမြင့်ကြီးတွေမဟုတ်ဘူး။ "Diversity"ဆိုတဲ့
    • မူလမျှော်လင့်ထားရာက သွေဖယ်ကွဲပြားသွားမှုကို ကြိုဆိုပါတယ်။ လူထု ဒါမှမဟုတ် ပရိတ်သတ်နဲ့ တိုက်ရိုက်ညှိနှိုင်းပြီး
    • အဓိပ္ပါယ် ဒါမှမဟုတ် အနုပညာကို "ပေးမယ်/ယူမယ်" လို့ ဆိုတယ်။ ကိန်းခန်းကြီးတဲ့ အဆင့်မြင့်စာအုပ်တွေကို
    • မြောင်းထဲပို့မယ်လို့လဲ ဆိုပြန်တယ်။ (Without level of book learning interceding)လို့ ရေးပါတယ်။ ဒါဟာလူအများကို ပါဝင်လာစေတဲ့ အဓိကအချက်ဖြစ်တယ်။ လူမှုရေးရာ ကိစ္စတွေပါလာမယ်။ ဒါပေမယ့် ဘယ်ဟာကိုမှ
    • ရှေ့တန်းတင်မှာ မဟုတ်ဘူး။ ပြဿနာအားလုံးဟာ တူညီတဲ့အနေအထား (ဝါ)ဆက်သွယ်မှု ပါပဲလို့ခံယူပြန်တယ်။
    • ခေါင်းစဉ်ပေါင်းစုံကို ရောထွေးပစ်တယ်။ ပြန်ကြည့်လို့ တစ်ခုခုကို လျှမ်းသွားတာ(ဝါ)သတိမမူဖြစ်သွားတာကို
    • စိတ်ဝင်စားတယ်။ အခြားတစ်ဖက်က ဘာတွေကျန်သွားလဲဆိုတာကို သိချင်တယ်။ လူတွေက ဘာမှန်းညာမှန်းမသိတဲ့
    • ၁၅ရာစုက *ဖလီးမက်ခ်ျ(Flemish)ပန်းချီ တွေကို နားမလည်ပဲ ကြည့်ကြတယ်။( *ဖလီးးမက်ခ်ျ (Flemish) ပန်းချီ - ၁၅ရာစု ဥရောပမြောက်ပိုင်းနိုင်ငံများမှထင်ရှားသော ပန်းချီရေးဟန်)
    • သဘောကျကြတယ်လေ။ ဒါပေမယ့်
    • ပို့စ်မော်ဒန်ကတော့ ဒါမျိုးမဟုတ်ပါဘူး။နားမလည်တာကိုအရသာခံခိုင်းတာမဟုတ်ဘူး။ သီအိုရီဆုပ်ကိုင်ခွင့်ကို လက်မခံတာပါ။ တခြားဘာမှ ထူးထူးခြားခြားမရှိပါဘူး။
    • လူထုရဲ့စိတ်အနှောင့်အယှက်ဖြစ်တာလေးကို ရှင်းလင်းတင်ပြပေးတာနဲ့ ဘာမှမကွာဘူး။ ပို့စ်မော်ဒန်အနုပညာတွေကို
    • ကြည့်ရင် အရည်အသွေးမပြည့်ဝသလို ခံစားရမယ်။ အမြင့်ဆုံးသော ပို့စ်မော်ဒန်ရဲ့ရည်ရွယ်ချက်က ဘာလဲဗျ။
    • ဘဝရဲ့ဝေဖန်စစ်ကြောမှုတွေရဲ့ အောက်ခြေဟာ အနုပညာလား။ မဟုတ်ပါ။ အဲဒီလိုဖြစ်စရာမရှိဘူး။ ခံစားမှုတွေကိုသူတို့က ချွန်ထက်အောင်လုပ်ပေးတယ်။ 
    •  ကျုပ်တို့ကို ပိုပြီး နက်ရှိုင်းအောင် ကြည့်ခွင့်ပေးတယ်။ လှပတဲ့ကမ္ဘာကြီးပေါ်မှာပိုပြီးနေပျော်အောင် လုပ်ပေးတယ်။ အမှန်တရားနဲ့ပိုပြီးနီးစပ်အောင် လုပ်ပေးတယ်။ ဝေဖန်သူတွေ၊ ဝေဖန်မှုတွေကအဲဒီလိုလုပ်ပေးတယ်လို့ ထင်ပါသလား။ လုံးဝမဟုတ်ဘူး။ အတွေ့အကြုံများအောင်၊ ဆင်ဆာတွေနည်းအောင်သူတို့ကဒီလောက်ပဲတတ်နိုင်တာပါ။ ပို့စ်မော်ဒန်ဟာ ရိုးရာအနုပညာမဟုတ်ဘူး။ အနုပညာကို "Anti"လုပ်တယ်။ ပေါက်ကရဝေဖန်တာတွေကို စိတ်ရှည်မှာ မဟုတ်ဘူး။ ဘာကိုရည်ရွယ်သလဲလို့ မေးချင်နေတယ်မဟုတ်လား။အိုကေ။ဖြေမယ်။ဘာရည်ရွယ်ငလဲဆိုတော့ ပျင်းရိငြီးငွေ့ဖွယ်လူ့အဖွဲ့အစည်းကို ဖျော်ဖြေမှုလေးပေးချင်တာပါ။အဲဒါထက် မပိုဘူးဗျာ။ အနုပညာဆိုတာ အတုအယောင် မရိုးမသားဖြစ်ခြင်း၊လိမ်ခြင်း "spurious" ထက်မပိုပါဘူး။ ဒါကြောင့် အရေးတကြီးတေွး ခေါ်ကြံဆ "serious consideration" လို့ရေးပါတယ်။
    • ဒါကကဗျာသဘောတရားမြင်တဲ့ရှုထောင့်ကပဲ သူက သာမန်လူနာုလည်အောင်ချဉ်းကပ်ပြတာပါ။ ပို့စ်မော်ဒန်ဟာ ပြောမယ်ဆိုရင် အတော်ကြီးကို ရှည်လျားပြီး
    • နက်နဲတဲ့ဘာသာရပ်တစ်ခုပါ။ ဆောင်းပါးရှင်က ပို့စ်မော်ဒန်ကို ကိုယ်စားပြုတဲ့ ကဗျာတချို့ကို ချရေးပစ်ပါတယ်။

    • - John Ashbery: ရဲ့The Burden of the Park 
    • - Frank O'Hara: ရဲ့ Khrushchev is coming on the right day! 
    • - Barbara Guest"  ရဲ့ Wild Gardens Overlooked by Night Lights 
    • - Charles Bernstein: ရဲ့ Thinking I Think I Think 
    • - Andrew Levy: ရဲ့  Tom hanks is a homosexual 
    • - Jim Rosenberg: ရဲ့ Completing the Square 
    • - Tom Raworth: ရဲ့ All Fours 
    • - J.H. Prynne: ရဲ့ On the Matter of Thermal Packing
    • - David Antin: ရဲ့ War 
    • - Jackson MacLow: ရဲ့ Very Pleasant Soiling 
    • - Michael Basinski:  ရဲ့ The Atmosphere of Venus 
    • - Susan Howe: ရဲ့ Eikon Basilike 
    • - Kenneth Goldsmith: ရဲ့ Fidget 
    • - Robert Grenier: ရဲ့ Greeting 
    • - George Hartly: ရဲ့ Envy Pride Glutonny

    • ဒီထဲကကျွန်တော် Michael Basinski:  ရဲ့ The Atmosphere of Venus ကိုကြိုးစားပြီးဘာသာပြန်ထားတယ်။ နောက်မှဆက်မယ်။

    • ဇော်ဇော်ထွန်း ။


    • Posted 17th October 2015 by Lynn Set Wai

    • Linsetpaingpma.blogspot.com မှကူးယူ​ဖော်​ပြသည်​။
    •